အနာခစ်ဝါဒီတွေဟာ အနာခစ်ဝါဒီတွေ ဖြစ်နေကြလို့ အံ့အားသင့်နေကြသူများအတွက်
By William Gillis. Original: Everyone Wildly Surprised That Anarchists Are Anarchists, published on December 9, 2016. Translated into Burmese ty Hein Htet Kyaw. ပြီးခဲ့တဲ့လရဲ့ နိုင်ငံရေးရုတ်ရုတ်သဲသဲ အခြေအနေတွေကြားထဲမှာ ဘယ်လိုနိုင်ငံရေး အုပ်စုမျိုးကမဆို (ပြီးတော့ ဒီထက်ပိုပြီး သိသင့်သိထိုက်တဲ့ လူတွေအပါအဝင်ပေါ့) လူတွေဟာ အနာခစ်ဝါဒီတွေက ကက်စထရို ကနေ ထရမ့်အထိ၊ မော်ဝါဒီတွေကနေ လက်ယာစွန်းသမားတွေအထိ အာဏာရှင်စနစ် မှန်သမျှကို တစ်စိုက်မတ်မတ် ရှုတ်ချဆန့်ကျင်နေကြတုန်းပဲဆိုတာကို သိသွားပြီး အကြီးအကျယ် ဒေါသတကြီး ဖြစ်နေကြတာ ထပ်ခါတလဲလဲ မြင်တွေ့ခဲ့ရတယ်။ အတိုချုပ်ပြောရရင် အနာခစ်ဝါဒီတွေက အနာခစ်ဝါဒီတွေ ဖြစ်နေကြလို့ သူတို့ခမျာ အလွန်အမင်း...